Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
Franciscan Missionaries of Mary FMM

#မာရိယာ၏သာသနာပြုဖရန်စစ္စကင်းသီလရှင်အသင်းဂိုဏ်း (FMM)
#Franciscan Missionaries of Mary(FMM)
#ကျွန်ုပ်တို့၏အကြောင်း။
-မာရိယာ၏သာသနာပြုဖရန်စစ္စကင်းသီလရှင်ဂိုဏ်း (FMM) ကို 1877 ခုနှစ်တွင် Bl. Mary of the Passion မှ တည်ထောင်ခဲ့သည်။
လူမျိုးပေါင်းစုံ အမျိုးသမီးများပါဝင်သော ရဟန်းမင်းကြီး အတည်ပြုသည့်ဂိုဏ်းဖြစ်သည်။ FMM တို့သည် တရားဘာဝနာ ဆည်းဖြန်းခြင်းနှင့် တမန်တော်လုပ်ငန်းဖြင့် ကမ္ဘာ့လူ သားအားလုံး (Universal Mission) အတွက် မိမိဘဝကိုအပ်နှံပူဇော်ကြပြီး၊ သံဖရန်စစ်အစီစီ တတိယသူတော်စင်ဂိုဏ်းဝင်ဖြစ်ပြီး၊ မိမိဂိုဏ်း၏စည်းမျဉ်းဥပဒေဖြင့် နေထိုင်ကျင့်သုံးကြသည်။ ဂိုဏ်းဝင်သူ (၆၂၀၄) ပါးရှိပြီး၊ လူမျိုးပေါင်း (၇၉)မျိုး ပါဝင်ကာ ကျောင်းပေါင်း ၈၀၀၊ တိုက်ကြီး (၅) တိုက်၌ သာသနာပြုနေကြသည်။ FMM တို့သည် ဒုက္ခခံကမ္ဘာလူသားများနှင့်အတူ တလုံးတဝတည်းနှိမ့်ချစွာဖြင့် ဧဝံဂေလိတရားတော်ကို ကျင့်သုံးနေထိုင်ရန်ဖိတ်ခေါ်ခြင်းခံကြရသည်။ FMM တို့သည် လူမျိုး၊ ဓလေ့ထုံးစံပေါင်းစုံတို့ပါဝင်သော အသိုင်းအဝိုင်းများအနေနှင့် မတူညီသောယုံကြည်သူများနှင့်အတူ နေထိုင်ကြသည်။ FMM တို့သည် ဘုရားရှင်၏မေတ္တာတော်ကို ဝေငှရန်မည်သည့်နေရာသို့မဆို သွားရောက်ရန် အဆင်သင့်ရှိကြသည်။
#FMM Symbol (သင်္ကေတ) နှင့် Logo (အမှတ်တံဆိပ်)
#Logo ၏အဓိပ္ပါယ်
- Logo သည် FMM သင်းဂိုဏ်း၏ Charism ကို သဏ္ဍန်ဆောင်သည်။
- နဖူးစည်းပေါ်မှစာသား “Ecce Ancilla Domini” သည် လာတင်းဘာသာစကားဖြစ်ပြီး (ကျွန်ုပ်ကဘုရား သခင်၏ကျွန်မဖြစ်သည်) FMM တစ်ပါးစီ၌ ထားရှိရမည့် စိတ်နေစိတ်ထားဖြစ်သည်။
- ကိုယ်တော်မြတ်ရောင်ခြည်တော်သည် Logo ၏အလယ်ဗဟို၌တည်ရှိခြင်းမှာ the Eucharistic ( ချိူးဖဲ့ ဝေမျှခြင်းခံရသောမုန့်)သည် FMM တစ်ပါးစီ၏ အသက်သွေးကြောဖြစ်ရမည်ကို ရည်ညွန်းသည်။
- ပင်လယ်ပြင်ကြီးသည် လှေသမားနှင့် သူရင်ဆိုင်ရသည့် ဘဝ၏စိန်ခေါ်မှုများကို ရည်ညွန်းသည်။
- လက်ဝါးကားတိုင်ပုံသည် စိန်ဖရန်စစ်၏ သင်္ကေတအဖြစ် အသုံးပြုသည်။
#Self- Offering
- ကောင်းကင်နိုင်ငံတော်တည်ဆောက်ခြင်းဖြင့် မိမိ၏အသက်တာတစ်ခုလုံး ဆက်ကပ်အပ်နှံခြင်းကို ရည်ညွန်းသည်။
# Symbol ၏အဓိပ္ပါယ်
- စက်ဝိုင်းပုံ Symbol သည် ချိူးဖဲ့ဝေမျှခြင်းခံရသောမုန့် (Eucharistic Life) နှင့် အလယ်ဗဟိုရှိကားတိုင်သည် စိန်ဖရန်စစ်၏ သင်္ကေတဖြစ်သည်။
FMM တို့၏ သာသနာပြုစိတ်ဓါတ်သည် မယ်တော်မာရိယာ၏ ”ဖြစ်စေသော်” (YES) စိတ်ဓါတ်နှင့် ခရစ်တော်၏ဘဝကို ထောက်ရှုခြင်းမှ ရရှိသည်။
· ဖရန်စစ္စကင်း စိတ်ဓါတ်အနှစ်သာရ၊
· သာသနာပြု၏အစေအပါးလုပ်ငန်းများ၊
· မယ်တော်၏နည်းလမ်းဖြင့်၊
· ကမ္ဘာလုံးဆိုင်ရာသာသနာအတွက်အပ်နှံပူဇော်ခြင်း၊
· ကိုယ်တော်မြတ်စ္စက္ကရမင်းတူးမှခွန်အားရယူခြင်း၊
· စိန်ခေါ်နေသောအစေအပါး လုပ်ငန်းများအတွက်ဘဝအပ်နှံခြင်း၊
 
သီးသန့်သာသနာပြုစိတ်ဓါတ်သည် Franciscan Missionaries of Mary (FMM)တို့၏ မူပိုင်စိတ်ဓါတ်ဖြစ်သည်။ ဤဘဝ သည် ဧဝံဂေလိတရားကို သက်သေခံခြင်းနှင့် ကြေငြာခြင်းနည်းဖြစ်သည်။ ၎င်းသည် သံဖရန်စစ်ကဲ့သို့ ကိုယ်တော်မြတ်ကို ဗဟိုပြုသည်။
 
ဤစိတ်နေစိတ်ထား၏ အရင်းအမြစ်သည် ကမ္ဘာလူသားများအတွက် ဘုရားရှင်၏စီမံကိန်းတော်ကို ပြည့်စုံစေရန် မိမိဘဝကို ကုံလုံပြည့်စုံစွာ လှူဒါန်းသော ယေဇူးနှင့်မယ်တော်မာရိယာ၏ မူလစိတ်နေစိတ်ထားပင်ဖြစ်သည်။ FMM တို့ သည် အတူတကွနေထိုင်မျှဝေကြရင်း စည်းလုံးခြင်းကို တည်ဆောက်ကြသည်။ ထိုသို့ အတူတကွနေထိုင်ခြင်းသည် မိမိတို့ စေလွှတ်ခြင်းခံရသော နေရာဒေသရှိ ပုဂ္ဂိုလ်တို့အား သတင်းကောင်းမျှဝေခြင်းနှင့် သက်သေခံခြင်းပင်ဖြစ်သည်။ လူမျိူးဘာသာခြားတို့နှင့် ငြိမ်းချမ်းခြင်း၊ ပြန်လည်ကျေအေးခြင်း၊ အမှုတော်ဆောင်ရွက်ရာ၌ FMM တို့မှာ စည်းလုံးရေးအတွက် ပေါင်းကူးတံတား ပမာရပ်တည်ကြသည်။ ထို့ကြောင့် FMM ဘဝလမ်းစဉ်သည် အစိတ်စိတ်အဖြာဖြာကွဲပြား နာကျင်နေသော ကမ္ဘာကြီးအတွက် စည်းလုံးခြင်းသို့ လမ်းဖွင့်ပေး သည်။
 
#ကျွန်ုပ်တို့၏ရည်မှန်းချက်ပန်းတိုင် (Vission)
ကျွန်ုပ်တို့ မြန်မာ FMM ညီအစ်မများသည် ခရစ်တော်ကဲ့သို့ နှိမ့်ချစွှာ၊ တရားဘာဝနာအားထုတ်သော ဖရန်စစ္စကင်း သာသနာပြု သီလရှင်များဖြစ်ရန် မိမိကိုယ်ကိုအပ်နှံပူဇော်သည်။ အတွင်းစိတ်လွတ်လပ်စွာဖြင့် ဧဝံဂေလိသတင်းကောင်းဖြစ်သော ဂရုဏာနှင့် ဝမ်းမြောက်ခြင်းကို သက်သေခံကြမည်။ ဆင်းရဲသားများ၊ ဒဏ်ရာဖြင့်ပြည့်နှက်နေသော ကမ္ဘာမြေကြီးနှင့် တစ်လုံးတစ်ဝတည်း နေထိုင်အသက်ရှင်ကြမည်။
 
သာသနာပြုခြင်းဆိုသည်မှာ လုပ်ဆောင်မှုနှင့် နေရာဒေသသာမက၊ သာသနာပြုခြင်းဟူသည် လူပုဂ္ဂိုလ်ကိုယ်တိုင်ပင်ဖြစ်
သည်။ သာသနာပြု ပုဂ္ဂိုလ်သည် သခင်ယေဇူးအား၎င်း၊ ခမည်းတော်၏ မကုန်မဆုံးနိုင်သော ထာဝရမေတ္တာတော်မြတ်
ကို၎င်း၊ သာသနာပြုသူ၏ပေါင်းသင်းဆက်ဆံပုံနှင့် လုပ်ရပ်တို့ဖြင့် ဘဝ၌သက်သေခံသည်။ (Constitution art 4: )
 
#ကျမတို့၏ ကျောင်းများ
FMM တို့အတွက် Mission ရှိအသိုင်းအဝိုင်းသည် အဓိကတန်ဘိုးထားသော သက်သေဘဝပင်ဖြစ်သည်။ ကျွန်မတို့အားလုံးတို့သည် စေလွှတ်ခြင်းခံရသူများဟု နက်ရှိုင်းစွာခံယူကြသည်။ ကျွန်မတို့အားလုံးသည် အတူတကွလက်တွဲကာ သုံးသပ်ခြင်း၊ အဖော်ပြုခြင်းနှင့် တစ်ဦးလုပ်ငန်းအပေါ်တစ်ဦး ကူညီကာ အသိုင်းအဝိုင်းအနေဖြင့် အမှုတော်ထမ်းဆောင်ကြသည်။
 
ရန်ကုန်သာသနာပိုင်တွင် (၃ )ကျောင်း၊ မန္တလေးသာသနာပိုင် (၅ )ကျောင်း၊ ဗန်းမော် သာသနာပိုင်(၅) ကျောင်း၊
မြစ်ကြီးနားသာသနာပိုင် (၂ )ကျောင်း၊ ကလေးသာသနာပိုင်(၄ )ကျောင်း၊ ဟာခါးသာသနာပိုင် (၂) ကျောင်း သာသနာပြုလျက်ရှိပါသည်။
 
ကျမတို့၏ ဦးစားပေးချက်မှာ ခရစ်တော်ကို မသိသေးသောသူ၊ အသင်းတော် မတိုးတက်သေးသောနေရာများ ဖြစ်သည့် အဆင်းရဲဆုံးသောနေရာကို ဦးစားပေးသည်။
 
မြန်မာနိုင်ငံရှိ FMM သီလရှင်အရေအတွက် - ၁၉၈ ပါး
မြန်မာပြည်ရှိသက်နုသီလရှင်များ
ပြည်ပသာသနာပြုစေလွှတ်ခြင်းခံရသူ - ၂၁ ပါး
(Tai Wan, England, Kenya, Near East, Canada, Italy, France, Mauritania, Senagal, Austria, Hongkong, Japan, Sri Lanka)
 
#Stages of Religious Life Formation
 
ဖရန်စစ္စကင်အသင်းဂိုဏ်းသို့ ဝင်လိုသူကိုလက်ခံပြီးပါက၊ ဘဝကို ပြုပြင်ရန် ဖရန်စစ္စကင်းအသိုင်းအဝိုင်းနှင့် အချိန်ပေးကာနေကြ ရပါသည်။ ပုံမှန်အားဖြင့် တစ်နှစ်ခန့်နေရပါသည်။ FMM အသင်းဂိုဏ်းသို့ ဝင်လိုသူများသည် လူသားပီသစွာ အသက်ရှင်ကျင့်ကြံရန် လိုအပ်သောပံ့ပိုးမှုများ၊ ကက်သလစ်ဘာသာ၏ ယုံကြည်ခြင်းမျိုစေ့ အမြစ်တွယ်ရန်နှင့် ဖရန်စစ္စကင်း အသင်းဂိုဏ်း၏ အကြောင်းကိုလေ့လာခြင်း၊ အင်္ဂလိပ်စာနှင့် လိုအပ်နေသော အသိပညာ၊ အတတ်ပညာများကို လေ့လာသည့်အချိန်ကာလဖြစ်သည်သာမက လမ်းညွန်ပဲ့ပြင်သူများအတွက်လည်း လေ့လာသူ၏ ရည်ရွယ်ချက်အမှန်နှင့် အရည်အချင်းကို သုံးသပ်သည့်အဆင့်ဖြစ်သည်။
 
FMM အသိုင်းအဝိုင်းနှင့်တစ်နှစ်တာအတူနေပြီး၊ မိမိသည် ခရစ်တော်၏ ခေါ်တော်မူခြင်းခံရ၊ မခံရသည်ကိုသိသာစေရန်၊ လေ့လာသုံးသပ်ရန်နှင့် FMM ဘဝ၌ ကျင့်သုံးနေထိုင်ရန်ပါရမီရှိ၊ မရှိကိုသိနိုင်စေရန် စတင်ကျင့်သုံးအသက်ရှင်နေထိုင်ရပါသည်။ တာဝန်ခံစစ္စတာရ်နှင့် အသိုင်းအဝန်းရှိ စစ္စတာရ်များမှတောင်းခံသူကို အသင်းဂိုဏ်း၏ နေထိုင်မှုပုံစံနှင့် ရင်းနှီးလာရန် လမ်းညွန်ပေးမည်ဖြစ်ပြီး သူတော်စင်တစ်ပါးတွင် ရှိသင့်သည့်စိတ်နေစိတ်ထားများ၊ ဝိညာဉ်ရေးရာ၌ ရင့်ကျက်မှုများရှိရန် ကူညီလမ်းညွန်ပေးကြမည်ဖြစ်သည်။ တောင်းခံသူကိုယ်တိုင် မိမိကိုယ်ကို ပိုမိုသိရှိနည်းလည်လာပြီး မိမိ၏အားသာချက်နှင့် အားနည်းချက်များကို ရှာဖွေသိရှိရမည်ဖြစ်သည်။
 
သီလရှင်လောင်းသည် မိမိဘဝကိုဆုတောင်းခြင်း၊ သင်ယူလေ့လာခြင်းနှင့်အတူ သာသနာပြုလုပ်ငန်းတို့၌ ပါဝင်ခြင်းဖြင့် ဘဝသင်တန်းကိုဆည်းပူးသင်ယူရသည်။ ခရစ်တော်နှင့်ပိုမိုရင်းနှီးကာ ဘုရားသခင်၏ခေါ်တော်မူခြင်း ဘဝလမ်းစဉ်ကို လက်တွေ့ကျင့်သုံးရန်ဖြစ်သည်။ ထိုကာလ၌ ဂိုဏ်း၏စိတ်နေစိတ်ထားနှင့် တရားတော်များကိုသင်ယူရသည်။ အသင်းဂိုဏ်း၏ ကျင့်စဉ်များဖြစ်သော နာခံခြင်း၊ ဆင်းရဲခြင်း၊ ဖြူစင်ခြင်၊ အသိုင်းအဝန်းဖြင့်နေထိုင်ခြင်း၊ သာသနာပြုစိတ်ဓါတ် စသည့်ပါရမီများကို တစ်သက်တာလုံး ကျင့်ဆောက်တည်ရမည်ကို နားလည်လာမည်ဖြစ်သည်။
 
ယာယီသစ္စာပြုပြီး ပဌမစေလွှတ်ခြင်းကိုခံယူရသည်။ သူမ၏ အသိုင်းအဝိုင်းသစ်၌လည်း မိမိဘဝလမ်းစဉ်ကိုပိုမို
နက်ရှိုင်းစေသည်။ ရာသက်ပန်သစ္စာ မပြုမှီ (၆) နှစ်ပတ်လုံး မိမိဘဝလမ်းစဉ်ကို ဆက်လက်သုံးသပ်ရန်ဖြစ်သည်။
 
ယာယီဂတိသစ္စာခံယူပြီး (၃) နှစ်ခန့်အကြာတွင် သိရိင်္လကာနိုင်ငံသို့ (၂)နှစ်ခန့် ပြုစုပျိုးထောင်ခြင်း (Ongoing Formation) အနေဖြင့် ဘာသာရေးဆိုင်ရာပညာရပ် (Theology)ကို ဂိုဏ်းပေါင်းစုံစစ္စတာရ်များနှင့် တစ်နှစ်တာဆည်းပူး သင်ယူပြီး၊ လူမျိုး၊ ဓလေ့ထုံးစံ ပေါင်းစုံပါဝင်သော အသိုင်းအဝိုင်းဘဝအတွေ့အကြုံကို နိုင်ငံအသီးသီးမှ စစ္စတာရ်များနှင့် နေထိုင်ခြင်းဖြင့်ရယူကြသည်။
 
#စတုထ္ထအဆင့် ရာသက်ပန်သစ္စာပြုခြင်း
အိန္ဒိယ(သို့မဟုတ်) ဖိလစ်ပိုင်နိုင်ငံသို့ တစ်သက်သစ္စာခံယူရန်အတွက် နိုင်ငံပေါင်းစုံမှ FMM စစ္စတာရ်များနှင့်အတူ အသင်းဂိုဏ်း၏ စိတ်နေစိတ်ထား၊ ပါရမီကျင့်စဉ်များနှင့် သူတော်စင်ဘဝကို တစ်သက်တာလုံးဆက်လက်ကျင့်ကြံ လျှောက်လှမ်းရန် ဆန္ဒရှိ၊ မရှိသုံးသပ်ရသော အချိန်ကာလဖြစ်သည်။ ရာသက်ပန်သစ္စာမပြုမှီ သီလရှင်၏ လိုအပ်ချက်ပေါ်မူတည်ပြီး (၃)လ မှ (၆)လ အထိ မိမိဘဝကို ထပ်လောင်းသုံးသပ်ကာ ဆုတောင်းမှုဖြင့် ပြင်ဆင်ချိန်ယူရပါသည်။ ထို့နောက်မှ မိမိဘဝကို ရာသက်ပန်သစ္စာပြုပြီး ဂိုဏ်းချုပ်မှ FMM တို့ရှိသည့် ကမ္ဘာအနှံ့ မည်သည့်နေရာမဆိုစေလွှတ်မည်။
 
#Our FMM Vocation in Myanmar
FMM Sister များနှင့်အတူ ဘဝကိုလေးနက်စွာလျောက်လှမ်းလိုပါသလား၊

ကျမတို့နှင့်ဆက်သွယ်နိုင်ရန်-
Sr . Monica Pai Om, FMM
St. Francis’ Convent
No. 2, U Htun Myat Road.
Tamwe, Yangon၊
Ph: 09 44055 3532

Sr. Maria Yaw Myu Mang
Sacred Heart Novitiate
75 Circular Road, Pyin Oo Lwin
Ph: 09262852874

 
Untitled Document
Total viewer: 345922